ရွှေကူမြို့နယ်၌ Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးရာမှ ယာဉ်နောက်လိုက် (၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၅၆)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၄)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျောတင်ယာဉ်မှ ယာဉ်နောက်လိုက် ဗန်းမော်မြို့နယ် တာမိုင်းလုံ ကျေးရွာနေသူ အမျိုးသား (၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ် လှူဒါန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ နိုင်ငံ့ရတနာဆရာတော် (မန္တလေး)၊ စင်္ကာပူရောက် နတ်မောက်သူနတ်မောက်သားများနှင့် နတ်မောက်ကွန်ရက်ပရဟိတလူမှု အကျိုးပြုအသင်း တို့ ပူးပေါင်းပြီး အထူးကြပ်မတ်ဆောင်သုံးကုတင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ညနေပိုင်းက မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းစည်သူထံ ပေးအပ် လှူဒါန်းခဲ့ ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ် ထော်ရွဲကမ်နားကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အင်းနို့သိပ္ပံ ကျေးရွာ အုပ်စု၊ ​ထော်ရွဲကမ်းနားကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၀ ခုနှစ် ​​အောက်တိုဘာလ၂၈ ရက်​နေ့က စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ် ကြောင်း သိရသည်။

ဖားကန့်၌ ပြန်လည်ပြင်ဆင် ဖြည့်စွက်ထားသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု စာရင်းအား ကြော်ငြာသင်ပုန်း၌ ကပ်ထားကြေငြာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲရှိသည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံပြည်သူ အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးလျက်ရှိရာ မြေပြင် အခြေအနေနှင့် ကိုက်ညီမှုမရှိသည့် ထောက်ပံ့ပေးအပ်မှု စာရင်းအစား ပြန်လည်ပြင်ဆင် ဖြည့်စွက် ထားသည့် အခြေခံအိမ်ထောင်စုစာရင်းကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံးများရှေ့ ကြော်ငြာ သင်ပုန်းပေါ် ယမန်နေ့က ကပ်ထားကြေငြာလျက်ရှိကြောင်း သိရသည်။

နာဂဒေသ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့တွင် ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူ (၂ )ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့ ကြူယန်းလောင်ပကျေးရွာနေ အမျိူးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါင်း(၂ )ဦးတို့အား ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။

လူစည်ကားသည့် နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့တွင်း မီးပွိုင့်လမ်းဆုံ၊ မြို့မစည်ပင်သာယာဈေးကြီးရှေ့နှင့် မင်းလမ်းမကြီး တလျှောက်၌ ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေး ဝန်ထမ်းများ ဦးဆောင်ပြီး ကိုဗစ်-၁၉ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၁၇၀၀) ကျော်သွားပြီဖြစ်

မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၃၄)ဦး ထပ်တိုးတွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၁၇၀၃) ဦးထိ ရှိပြီဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

လပွတ္တာ၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လပွတ္တာမြို့နယ်အထွေထွေ အုပ်ချုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

မကွေးမြို့နယ် မြင်ကွန်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် ထောက်ပံ့ မှုအရ စိုက်ပျိုးသည့် ဧရာမင်းမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရေးနှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး တို့အတွက် ကျေးရွာအုပ်စု(၃)အုပ်စုမှ ဒေသခံတောင်သူများ၏ မိုးစပါးစိုက် လယ်မြေများတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ် ထောက်ပံ့မှုအရ ဧရာမင်းမိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၀ ရက် ယနေ့နံနက် ၈ နာရီခွဲက မကွေးမြို့နယ် မြင်ကွန်းကျေးရွာ ကွင်းအမှတ်(၁၇၄၅)တောင်သူ ဦးကျော်ငြိမ်း၏ စိုက်ဧက(၂.၀၀)၌ စိုက်ပျိုးထားသည့် ဧရာမင်းမိုးစပါး လယ်ကွက်တွင် စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု( CERP) အစီအစဉ်ဖြင့် မိုးစပါး ဆင်းဧကရီ-၃ စံကွက်ရိတ်သိမ်း ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ CERP အစီအစဉ်ဖြင့်မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် (၁၂)နာရီက ဟုမ္မလင်းမြို့ နယ်၊ပုံနွဲ့ကျေးရွာအုပ်စု၊မန်မော်ကျေးရွာ၊ မန်စော်ဆိုင်းကွင်း တောင်သူ ဦးနေဝင်းနှင့် ဦးမိုးအောင် တို့လယ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to