သဲကုန်းမြို့နယ်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၉)ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံသီးခြားဆောင်တွင် ထားရှိသည့် ကိုဗစ်ပိုး တွေ့ အတည်ပြုလူနာ(၁၁) ဦးအနက် (၉) ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့ က ဆေးရုံမှ ဆင်းခွင့် ပြုခဲ့ကြောင်း သိရှိရသည်။

ပုံမှန်ဝင်ငွေမရရှိသောအခြေခံလူတန်းစား အိမ်ထောင်စု စာရင်းမှန်ကောက်ယူနိုင်ရေး လုပ်ငန်း ညှိနှိုင်း ဆွေးနွေး

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရရှိသောအခြေခံလူတန်းစား အိမ်ထောင်စု စာရင်းမှန်ကောက်ယူ နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပျောက်ကင်း၍(၉)ဦးဆင်းခွင့်ရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ဆေးကုသမှုခံယူနေသူများ အနက်မှ ၉ ဦးအား ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ဆေးရုံ ဆင်းခွင့် ပြုခဲ့ကြောင်းသိရသည်။

တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ငွေကျပ်သိန်း(၃၀)ခန့် တန်ဖိုးရှိ Medical PPE ဝတ်စုံ (၁၅၀)စုံ လာရောက်လှူဒါန်း

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်နှင့် လူနာစောင့်များ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့မွန်းလွဲ (၁)နာရီက ငွေကျပ်သိန်း(၃၀)ခန့် တန်ဖိုးရှိ Medical PPE ဝတ်စုံ (၁၅၀)စုံ ကို High Way Rest Camp-TadaU မှလာရောက် လှူဒါန်းကြောင်းသိရသည် ။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၃)ဦး ထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်‌တွင် ယနေ့နံနက်က ကိုဗစ်-၁၉ အတည်ပြု လူနာ(၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များ ကို ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ မြို့မစျေးနှင့် အမှတ်(၅)စျေးအတွင်းရှိ ဈေး ဆိုင်များ ဝါးပြားလမ်းဆုံနှင့် ၊ လူအသွားအလာများသည့် နေရာ များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်စျေး များတွင် စုံမစနစ်ဖြင့်ရောင်းချနေ ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းတွင် စည်ပင် သာယာရေး အဖွဲ့ဝန်ထမ်းများက စျေးများ၌ ကိုဗစ် - ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

ကျောင်းကုန်းမြို့တွင် မြစ်/သဲ ထုတ်လုပ်ခြင်း လုပ်ငန်းအား Task Force အဖွဲ့မှ စစ်ဆေး

၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်အတွင်း ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မြစ်/သဲ ထုတ်လုပ်ခြင်း လုပ်ငန်း အား ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က Task Force အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးသုံးပစ္စည်းများပေးအပ်လှူဒါန်း

ကျိုက်ထိုမြို့နယ်တွင် ‌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ COVID-19 ရောဂါကာကွယ်ရေးလုပ် ငန်းများ တွင် အသုံးပြုသည့်ပစ္စည်းများအား မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီသို့ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီခွဲတွင် ကျိုက်ထိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ရောင်စဉ်အားမာန် ပရဟိတအဖွဲ့မှ Triangle Women အဖွဲ့၏ ပံ့ပိုးမှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to