တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅) ဦးအထိ တိုးလာ

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ အတည်ပြုလူနာ ယခုလတ်တလောအချိန်တွင် (၅) ဦးအထိ တိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

Quarantine ဝင်ရောက်နေသူများအတွက် သောက်သုံးရေအဆင်ပြေစေရန် အလှူရှင်အသီးသီးမှ လှူဒါန်းခဲ့သော ရေသန့်ကဒ်(၆၀၀)ကျော်ထိလှူဒါန်းရရှိ

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စုရှိ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန၌ Quarantine ဝင်ရောက်နေသူ များ သောက်သုံးရေ အဆင်ပြေစေရန် အလှူရှင် အသီးသီးမှ လှူဒါန်းခဲ့သော ရေသန့်ကဒ်(၆၀၀) ကျော်ထိရရှိထားကြောင်း အဆိုပါ Quarantine Center မှ တာဝန်ရှိသူ ဆရာဦးသက်လွင်ထံမှ သိရသည်။

ချင်းပြည်နယ်၏ အမှတ်အသားဖြစ်သည့် တောင်ဇလမ်ပန်းနှင့် ချယ်ရီပန်းများ ခုတ်ယူခြင်းမရှိစေရေး သတိပေး ကြော်ငြာချက် ထုတ်ပြန်

ကလေး-တီးတိန်-ဖလမ်းကားလမ်းဘေး (ဝဲ/ယာ)တွင် ချင်းပြည်နယ်၏ အထိမ်းအမှတ် သစ်ပင်ပန်းများ ဖြစ်သည့် တောင်ဇလပ်ပန်းများ၊ ချယ်ရီပန်းများသည် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် သဘာဝ အလျောက်လှပစွာ ပွင့်လန်း လေ့ရှိသည်။

ရိခေါ်ဒါရ်မြို့၌ နေရပ်ပြန်လာသူလေးဦး ထပ်မံရောက်ရှိလာကြပြီး နေရပ်ပြန် သုံးဦး တို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေးပြီး ကျန်တစ်ဦးအား ရိခေါ်ဒါရ်မြို့ Facility Quarantine Centre ၌ စောင့်ကြည့် ထားရ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား လေးဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အဆိုပါ လေးဦးအနက် အမျိုးသား သုံးဦးတို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အ.ထ.က ခွဲ ကျောင်းရှိ Facility Quarantine နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များ ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှစ်ခု၌ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်အတွင်း နှစ်ရက်ကြာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးကွင်းဆင်း ကြည့်ရှုစစ်​ဆေး

ချောက်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ​ချောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ​ချောက်မြို့အတွင်းရှိရပ်ကွက်များ​​၊တို့တွင် မီး​ဘေးလုံခြုံ​ရေးမီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် စစ်ဆေး အကြံပေးခြင်း လုပ်ငန်း များဆောင်ရွက်သည်။

ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်းရှိ နွေစပါးနှင့်အခြားသီးနှံများစိုက်ပျိုးသည့် တောင်သူ များ အဆင်ပြေစေရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးတွင် ယနေ့နံနက်(၁၁)နာရီက ဆောင်းသီးနှံစိုက်ပျိုးစရိတ် ပဲမျိုးစုံ စိုက်ပျိုးရန်အတွက် ဒေါင်းရပ်အရှေ့ကျေးရွာရှိ တောင်သူများအား ချေးငွေများ ဆက်လက်ထုတ်ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများအား ဝန်ထမ်းကျင့်ဝတ်နှင့် ရုံးလုပ်ငန်းများ ဆွေးနွေးပို့ချ

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ယနေ့နံနက် ၁ဝ နာရီအချိန် က ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ စီမံကြီးကြပ်မှု့ဖြင့် မြို့နယ်တွင် အတည်ပြု ခန့်ထားပြီးဖြစ်သော ဝန်ထမ်းသစ်များအား ဝန်ထမ်းကျင့်ဝတ်နှင့် ရုံးလုပ်ငန်းများ ဆွေးနွေးပို့ချခြင်း ဖွင့်လှစ် ဆောင်ရွက်သည်။

မွန်ပြည်နယ် ရေးမြို့နယ်၌ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ Mobile Laboratory Van ဖြင့် ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ယာယီတာဝန်ခံ) ဦးစီးအရာရှိ မိဟံသာမွန် ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဒေါ်အိဖြိုးတို့ပူးပေါင်း၍ အစင်ကျေးရွာအတွင်း ရောင်းချလျက်ရှိသောအစားအသောက် ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို အိမ်ဆိုင်များ၊ဈေးဝင်းရှိဈေးဆိုင်ခန်းများတွင် တားမြစ်အလှ ကုန်ပစ္စည်းများ၊ သက်တမ်းကုန်ဆေးဝါးများနှင့် အစားအသောက်များကို Mobile Laboratory Van ဖြင့် ဒီဇင် ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to