ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ထိန်းချုပ် လျှော့ချနိုင်ရေး Mask Campaign ပြုလုပ်

ပြင်ဦးလွင် ဒီဇင်ဘာ ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှု  ထိန်းချုပ် လျှော့ချနိုင်ရေး Mask Campign ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ် ရပ်ကွက် ကြီးများ အတွင်းလူစည်ကားရာနေရာများ တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့်ဌာနဆိုင်ရာများမှ အဖွဲ့များခွဲ၍ ဆောင်ရွက်ကြသည်။

မန္တလေးခရိုင်၌ ပြည်သူများနေအိမ်တွင် နေထိုင်ကြ စေရေး သတ်မှတ်ညွှန်ကြား ထားသည့် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိကာလအတွင်း ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်/ကျေးရွာ များရှိ လူစည်ကားရာနေရာများနှင့်လမ်းဆုံ၊ လမ်းခွဲနေရာများ၊ ဈေးများတွင် COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွား မှု တတ်နိုင်သမျှထိန်းချုပ်လျှော့ချနိုင်ရေးအတွက် မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင် ဦးဆောင်သည့် မြို့ နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး လုပ်ငန်းကော်မတီမှ Mask Campaign များပြုလုပ်ပေးခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်အလက်များ ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက် ကာ ပြည်သူများသို့အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

မြတ်ဆုမွန်