ရှမ်းရွာသစ်မြို့ ထီးပါးရက်ကျေးရွာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီး‌ကျေးရွာ အုပ်စုရှိ ထီးပါးရက်ကျေးရွာတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

ရေဖြူမြို့ကံပေါက်ရွာရှိ Quarantine Centre ဝင်ရောက်နေသူများအတွက် ထမင်းထုပ်များလာ‌ရောက်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ကံပေါက်ကျေးရွာရှိ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အသွားအလာစောင့်ကြည့်ရေး စခန်းဝင်ရောက်နေသူများအတွက် အလှူရှင်များက ထမင်းထုပ်များ လာရောက် လှူဒါန်းကြသည်။

လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဂွမြို့ တိုင်ကျိုးကျေးရွာတွင် တောဆင်ရိုင်း(၉)ကောင် ဖျက်ဆီးမှုကြောင့် လူနေတဲ (၃)လုံးနှင့် စပါးများပျက်စီး

ရခိုင်ပြည်နယ်၊ ဂွမြို့၊ တိုင်ကျိုးကျေးရွာတွင် တောဆင်ရိုင်း (အထီး၊ အမ၊ ဆင်ပေါက်) အကောင်စုံ (၉)ကောင်ခန့်သည် ဒီဇင်ဘာ(၉)ရက် ညသန်းခေါင် ခန့်က လူနေထိုင်သည့် တဲများနှင့် စပါးများအား ဝင်ရောက်ဖျက်ဆီး သွားခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

မန့်ဟီးရိုးမြို့တွင် မွေးကင်းစအရွယ်မှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က မန့်ဟီးရိုးမြို့၊ နောင်ခေါ်ကျေးရွာအုပ်စုရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကျန်းမာရေးလမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်သည်။

သရက်ကုန်းကျေးရွာမှ Positive လူနာများနှင့် ထိတွေ့သူများကို ပထမအကြိမ်စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာမှ ဒီဇင်ဘာလ(၆)ရက်နေ့တွင် အနံ့ပျောက်သွားသူအမျိုးသားတစ်ဦး၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ရာ ၎င်းနှင့်ထိတွေ့ဆပ်စပ်သူ(၂၇)ဦးအား ကံကြီး ကျေးရွာ အထကQuarantine Centre၌ Quarantine ထားရှိခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် Video Conferencing စနစ်ဖြင့် တက်ရောက်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ၊ နံနက် (၁၀) နာရီတွင် နိုင်ငံတော်မှ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အိမ်ပြင်ထွက်သူများ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ် သူများအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အ ရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အတွင်းရှိ အမှတ်(၁၁၈)ရပ် ကွက်၊ ကနောင်မင်းသားကြီးလမ်းနှင့် ဦးမြူလမ်းဆုံရှိ ညနေစျေးတွင် မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်း သိမ်းရေးအဖွဲ့ဝင် များ ပူးပေါင်း၍ စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ၊ ၎င်းတို့နှင့်ထိစပ်သူများအား သက်ဆိုင်ရာနေရာများသို့ ပို့ဆောင်ရန် လူမှုကူညီရေးအသင်း(၄)သင်း သီးသန့်စီစဉ်ထားရာမှ ယခုအခါ (၁၂)သင်း အဖြစ်ထပ်တိုးဆောင်ရွက်ထား

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ၊ ၎င်းတို့နှင့် ထိစပ်သူများအား သက်ဆိုင်ရာနေရာများသို့ ပို့ဆောင်ရန် ကိုဗစ်-၁၉ ပထမလှိုင်းတွင် လူမှုကူညီရေး အသင်း(၄)သင်း သီးသန့်စီစဉ်ထားရာမှ ယခုအခါ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့်ထိစပ်သူများ များပြားလာခြင်းကြောင့် လူမှုကူညီရေးအသင်း(၁၂)သင်း အထိထပ်တိုးဆောင်ရွက်ကာ တာဝန်ယူပို့ဆောင်ပေးလျက်ရှိကြောင်း မြို့နယ်လူမှုကူညီရေးအသင်းချုပ်ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။

သန်လျင်မြို့မဈေးကြီးမီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့၊ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် သရုပ်ပြဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to