နမ့်စန်(တ) ဒီဇင်ဘာ ၁၀
ဒီဇင်ဘာလ (၁၀) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး ကမ်ပိန်းကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် မီးပွိုင့်လမ်းဆုံတွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါကမ်ပိန်းလှုပ်ရှားမှုတွင် နမ့်စန်တက်ကြွလှုပ်ရှားလူငယ်အဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မာရီစတုပ်ခ် မြန်မာ (Marie Stopes Myanmar) အဖွဲ့နှင့် မေတ္တာဖောင်ဒေးရှင်းအဖွဲ့တို့မှ ပူးပေါင်း၍ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မီးပွိုင့်လမ်းဆုံတွင် သွားလာနေကြသော ပြည်သူများကို အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကင်းဝေးစွာ နေထိုင်နိုင်ခွင့်ရှိရမည့် လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဥပဒေဖြင့်အကာအကွယ်ပေး စာတမ်းပါ နှာခေါင်းစည်းများ၊ Hand sanitizer ဘူးများနှင့် ထာဝရဖဲကြိုးဖြူစ တေကာများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)