လက်နက်ကိုင် ပဋိပက္ခကြောင့် ကျောက်မဲမြို့ပေါ်သို့ ယာယီတိမ်းရှောင်လာသူ တစ်ထောင်ကျော်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ထောက်ပံ့ငွေများ ထောက်ပံ့ ပေးအပ်

လက်နက်ကိုင် ပဋိပက္ခများကြောင့် ကျောက်မဲမြို့ပေါ်သို့ ယာယီ တိမ်းရှောင် လာကြသည့် ဒေသအတွင်းမှ ပြည်သူ အိမ်ထောင်စု ၂၈၂ စု ၊ လူဦးရေ ၁၄၁၀ ဦးတို့အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့ ကျက်သရေ ဆောင် ခန်းမရှေ့တွင် ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်းသိရသည်။

တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးရှေ့တွင် လူသွားစင်္ကြန်လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ သွားရေးလာရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင်စေရေးအတွက် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးရှေ့တွင် လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည်။

မွန်ပြည်နယ်ချောင်းဆုံမြို့နယ်တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး

Covid-19ကူးစက်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားရေးထိခိုက်မှုများမဖြစ်ပေါ်စေရေး လုပ်ကွက် ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် စီးပွားရေးလုပ်ငန်းများပြန်လည်စတင်နိုင်ရန်နှင့် ပြည်သူများလူမှုစီးပွားဘဝထိခိုက်မှု သက်သာ စေရန်အတွက် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများနှင့် (VRFP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း Mobile Market ဈေးကားများဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများ ဒုတိယအကြိမ်လာရောက်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒုတိယအကြိမ် Mobile Market ဈေးကားများ လာရောက် ရောင်းချ ပေးခဲ့ကြောင်းသိရသည်။

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ​​ တရားမဝင် တိရစ္ဆာန် နှင့် တိရစ္ဆာန် ထွက်ပစ္စည်း တားဆီးကာကွယ်ရေး ​ကော်မတီနှင့် တိရစ္ဆာန် ​ရောင်းဝယ် ​ဖြန့်ဖြူးသူများလုပ်ငန်းညှိ့နှိုင်း အစည်းအ​ဝေးကျင်းပ

​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်​​ မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနတွင် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းတားဆီးကာကွယ်ရေးလုပ်ငန်း​ကော်မတီနှင့် တိရစ္ဆာန် ​ရောင်းဝယ်၊ ဖြန့်ဖြူးသူများ​တွေ့ဆုံ၍ လုပ်ငန်းညှို နှိုင်းအစည်းအ​ဝေးကိုယမန် ​နေ့နံနက် ၁၀ နာရီ ကကျိုက်မ​ရောမြို့​နယ်မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနရုံးခန်းမ၌ပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်မြေနေရာမှ မူကြိုကျောင်း ဆောက်လုပ်ရန်အတွက် ပန္နက်တင် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်မြေနေရာတွင် ပေ(၅၀×၃၀×၂၀) မူကြိုကျောင်းဆောက်လုပ်ရန်အတွက် ပန္နက်တော်တင်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် World View International Foundation မှ ရုပ်သံတည်းဖြတ်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံလျားရှည်ကျေးရွာအုပ်စု၊ ကံလျားရှည် ကျေးရွာ၊ မူကြိုကျောင်းတွင် World View Internation Foundation (WIF) အဖွဲ့မှ ရုပ်သံတည်းဖြတ်ခြင်း (Video Editing) သင်တန်းကို ယခုလ ၇ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရေး တစ်အိမ် တက်ဆင်း စစ်ဆေးခြင်းနှင့်အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မီးသတ်ဦးစီးမှုးရုံးအနေဖြင့် မြို့နယ်တွင်းရှိကျေးရွာများ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ ရေရရှိမှုလွယ်ကူစေရေးတို့အတွက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to