ပေါက်ခေါင်း ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင်စားသောက်ဆိုင်များကို ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခွင့်ရရှိနိုင်ရေး အတွက် ယနေ့နံနက်က တာဝန်ရှိသူများက ပြန်လည် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားသောက်ဆိုင်များကို ကျန်းမာရေးစံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချ နိုင်ရေးအတွက် ပြန်လည်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ကျန်းမာရေးပညာပေး ပြောကြားခြင်း၊ စားသောက်ဆိုင် တွင် ပြင်ဆင် ထားရှိရမည့် အချက်များ၊ စားသောက်ဆိုင်ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက် များနှင့် အထူးဂရုပြုရမည့်သန့်ရှင်းရေးလုပ်ငန်းများကို အသိပေးရှင်းလင်းပြောကြားသည်။
အဆိုပါစားသောက်ဆိုင်များကို ပထမအကြိမ် နိုဝင်ဘာ ၂၃ ရက်နေ့က တစ်ကြိမ် စစ်ဆေးထားပြီး ယခု အကြိမ်တွင် A အဆင့် အမြန်ရရှိရေး ပြန်လည်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)