လှိုင်းဘွဲမြို့နယ် အင်းနို့သိပ္ပံကျေးရွာအုပ်စုနှင့်နောကောကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်း ဖော်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အင်းနို့သိပ္ပံကျေးရွာအုပ်စုနှင့်နောကောကျေးရွာအုပ် ကျေးရွာချင်းဆက် လမ်းဖောက်လုပ် နေမှုအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလ သန်လျင်မြို့နယ်မှ သီလရှင်ကျောင်းတိုက်များသို့ဆန်နှင့်ဆီများလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်မှသီလရှင်ကျောင်းတိုက်များသို့ကိုဗစ်ကာလ အထောက်အပံ့ဖြစ်စေရန် ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြုအဖွဲ့နှင့် အလှူရှင်များကယနေ့နံနက်တွင်ဆွမ်း၊ ဆန်တော်နှင့် ဆီများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုရန်ပုံငွေကျပ်(၁၂.၄၀)သန်းဖြင့် ဆောင်ရွက်သော ပိတောက်လမ်းအုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာ လှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း ကျေးရွာကုန်ထုတ်လမ်း ၅ လမ်းဖောက်လုပ်ရန်ငွေကျပ်သန်း ၄၄၂ ကျော် အသုံးပြုမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကျေးရွာ ၅ ရွာရှိ တောင်သူများ ၏ သီးနှံများရာသီမရွေး ထုတ်လုပ်သယ်ပိုးနိုင်ရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း ၅ လမ်းအား ဇန်နဝါရီလအတွင်း ဖောက်လုပ်ပေးနိုင်ရန်အတွက် ယမန်နေ့က ခရိုင်ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်နှင့် ဝန်ထမ်းများက သွားရောက်၍ ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့တွင် သီးနှံပုံစံပြကွက်၊ မျိုးစေ့ချကရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းတောင်သူပညာပေး ကွင်းပြပွဲပြုလုပ်ဆောင်ရွက်ခြင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်လှမြင့်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီက ဝက်ဒုံကျေးရွာ ဦးကိုနိုင်၏ လယ်မြေ(၂) ဧကတွင် ဆောင်းသီးနှံ၊ ရေဆင်း(၁၄)ပဲတီစိမ်းသီးထပ်ကို မျိုးစေ့ချကရိယာဖြင့်မျိုးစေ့ချ စိုက်ပျိုးခြင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့​ရာ တောင်သူ(၁၆)ဦး တက်ရောက် ခဲ့ပါသည်။

မန္တလေးမြို့အတွင်းရှိ အသက် ၇၀ နှစ်နှင့်အထက် မှီခိုရာမဲ့ အဘိုး၊ အဘွားများကို စောင်များ၊ အားဆေးများနှင့် အာဟာရများ ထောက်ပံ့လှူဒါန်း

မန္တလေးမြို့အတွင်းရှိ အသက် ၇၀ နှစ်နှင့်အထက် မှီခိုရာမဲ့ အဘိုး၊ အဘွားများကို စောင်များ၊ အားဆေးများနှင့် အဟာရဖြည့်စွက်စာများကို ဒီဇင်ဘာ၅ရက်မှစ၍ ဒီဇင်ဘာ၉ရက်နေ့အထိ အဘိုး အဘွား ၆၀ ဦးကျော် ထောက်ပံ့လှူဒါန်းပေးပြီး ဖြစ်ကြောင်း မနောကြာဖြူသွေးလှူရှင် ပရဟိတအသင်းမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံပင်/မံကုန်းကျေးရွာများရှိ တောင်သူ များအား လယ်သီးထပ်အသိပညာပေးဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံပင်/မံကုန်းကျေးရွာများရှိ တောင်သူ များနှင့် လယ်သီးထပ်အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက အများပြည်သူ သုံးကျေးလက်ခန်းမ၌ ကျင်းပပြုပ်လုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှု (Mask Campaign)ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိ ပညာပေး လုပ်ငန်းများကို မြို့မရဲစခန်းရှေ့ မင်းလမ်းမပေါ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက် လျက် ရှိသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွတ်သူတိုင်း နှာခေါင်း စည်း Mask တပ်ဆင် သွားလာရေး အသိပညာပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၉ နာရီ ခွဲက ဗိုလ်ချုပ်လမ်း မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ အရှိန် အဟုန်မြှင့်၍ ပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။

ထောပတ်သီးများကို အင်္ဂလန်နိုင်ငံ ဈေးကွက်သို့ စမ်းသပ်တင်ပို့

မြန်မာနိုင်ငံမှထွက်သည့် ထောပတ်သီးများကို အင်္ဂလန်နိုင်ငံ ဈေးကွက်သို့ စမ်းသပ်တင်ပို့ ရောင်းချနေကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
Subscribe to