အောင်မြေသာစံမြို့နယ်၌ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာရာတွင် စနစ်တကျ သွားလာစေရေး တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး

မန္တလေး ဒီဇင်ဘာ ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၌ ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသွား လာရာတွင် ဝင်/ထွက်ခွင့် ကတ်ပြားများဖြင့် စနစ်တကျ သွားလာမှုရှိ မရှိ သက်ဆိုင်ရာရပ်ကွက် များအလိုက် စစ်ဆေး‌ဆောင်ရွက်နေမှုများအား ယနေ့ နံနက်၈နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးမှ မြို့နယ်အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မန္တလေးခရိုင်အတွင်းရှိ ပြည်သူများကို ဒီဇင်ဘာ (၅) ရက်မှ (၁၈) ရက်ထိ မိမိနေအိမ်များတွင်သာ နေထိုင်ကြ‌စေရန် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်ထားရာ အဆိုပါ အသိပေးကြေညာချက်အရ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် သက်ဆိုင်ရာဌာနများမှ ထုတ်ပေးထားသော ဝင်/ထွက်ခွင့်ကတ်ပြားများကို တစ်ပါတည်းယူဆောင် လာကြရမည်ဖြစ်ပြီး အဆိုပါကတ်ပြားများ ပါရှိမှုရှိ မရှိ၊ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက် များအလိုက် စစ်ဆေးဆောင်ရွက်နေမှုများကို အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။

 

အဆိုပါစစ်ဆေးမှုများအရ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာသွားလာ ကြရာတွင်ဝင်/ထွက်ခွင့် ကတ်ပြားများကို တစ်ပါတည်းယူ‌ဆောင်လာကြရမည်ဖြစ်ပြီး ဝင်/ထွက်ခွင့် ကတ် ပြားမပါဘဲ လမ်းမများပေါ်သွားလာပါက ဒဏ်‌ငွေ ၅၀၀၀ကျပ် ဒဏ်ရိုက်အရေးယူ သွားမည်ဖြစ်ကြောင်းသိရသည်။

ဇော်လင်းဦး