ကမာရွတ်မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကျင်းပပြုလုပ်

ကမာရွတ် ဒီဇင်ဘာ ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ယခင်ငါးနှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှ ရရှိလာသည့် အတွေ့အကြုံများဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်သွားမည့်

လုပ်ငန်းများက မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုရစေရေးနှင့် ထိခိုက်နစ်နာမှုမရှိအောင် ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းလုပ်ကိုင် ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရေးဆွဲထားသည့် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ လျာထားချက်နှင့် ယခင်က စီမံကိန်းရေးဆွဲထားသည့် ကျန်းမာရေး၊ ပညာရေး၊ လမ်း၊ ရေ၊ တံတားများအပြင် မြို့နယ်ဖွံ့ဖြိုး တိုးတက်မှုရှိ စေပြီး ပြည်သူများအတွက် ရေရှည်အကျိုးပြုနိုင်မည့်လုပ်ငန်းများ ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးက စီမံကိန်းဆောင်ရွက်မည့် လမ်းညွှန်ချက်များအား အလေးအနက်ထားကြရန်နှင့် မိမိတို့ ရပ်ကွက် များမှ ဒေသဖွံ့ဖြိုးရေးကဏ္ဍများ ဆောင်ရွက်မှုအပေါ် စာရင်းဇယား ပြုစုရာတွင် တိကျမှန်ကန်ရန် လိုအပ် ကြောင်း ရှင်းလင်းပြောကြားကြသည်။

ထို့နောက် သက်ဆိုင်ရာဌာနများက မိမိတို့ဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလျာထားမှု အခြေအနေများ ဆွေးနွေးတင်ပြပြီး  တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များတင်ပြကြပြီး အစည်းအဝေးကို ညနေ ၄ နာရီ တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)