မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ‌‌ရွေးချယ်ခြင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သာယာကုန်း ကျေးရွာအုပ်စု၊ ဥယျာဉ်စုကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ဆိုင်ခန်းများစနစ်တကျရောင်းချစေရေးကြီးကြပ်စစ်ဆေး

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၊ ဘူတာဈေး ဧရိယာအတွင်းဈေးဆိုင်များရောင်းချမှုစနစ်တကျရှိစေရန် ယမန်နေ့ မွန်းလွဲ ၂ နာရီ၅၅ ခန့်တွင် စည်ပင်စည်း/ထိန်းဦးဆောင်သောအဖွဲ့မှစစ်ဆေးခဲ့ကြသည်။

စမ်းချောင်းမြို့နယ်တွင် ဆဌမအကြိမ်မြောက် ဟင်းသီးဟင်းရွက်၊ သား၊ငါး အခြေခံစား သောက်ကုန်များအား Mobile market ကားများဖြင့် ရပ်ကွက်များအရောက် လိုက်လံ ရောင်းချ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ် ၁၉ ကာလအတွင်း ပြည်သူများ အနေဖြင့် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်နှင့် ဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုရသည့်အတွက်

အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ (၄၆) ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၂) သို့ ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၉၂)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၁) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်လျှော့ချနိုင်ရေး Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ကို ဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ချနိုင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။

ဖရူဆိုမြို့၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ ပိုးတွေ့လူနာ(၁၆)ဦး တွေ့ရှိ

ဧရာ၀တီတိုင်းဒေသကြီး လပွတ္တာခရိုင်အတွင်း မြို့ပေါ်နှင့် ကျေးရွာများမှ ပိုးတွေ့လူနာ (၁၆)ဦးရှိကြောင်း ယမန်နေ့ နံနက်ပိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်သွားနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက် ၊ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် Mask Campaign ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်အမှတ်အဖြစ် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ သုံးထောင့်လမ်းစုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to