ဖလမ်း ဒီဇင်ဘာ ၁၀
ကလေးမြို့မှ ဟားခါးမြို့သို့ ကုန်စည်များပို့ဆောင်ရန် ဒီဇင်ဘာ ၈ ရက်နေ့က ကုန်ကားဖြင့် ဖလမ်းမြို့သို့ ရောက်ရှိရာ ယာဉ်မောင်းနှင့် ယာဉ်မောင်း၏ အမျိုးသမီးတို့သည် ကုန်ကားဖြင့် တက်လာ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် စုပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ RDT ဖြင့် စစ်ဆေးရာတွင် ယာဉ်မောင်း၏ အမျိုးသမီး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး ယာဉ်မောင်းတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ယာဉ်မောင်း၏ အမျိုးသမီးကို ဖလမ်းခရိုင် ပြည်သူ့ ဆေးရုံကြီး Isolation Ward ၌ ဆေးကုသမှုခံယူကာ ပိုးတွေ့လူနာ၏ အမျိုးသား( ယာဉ်မောင်း )ကို ဖလမ်းမြို့ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ Facility Quarantine ဖြင့် အသွားအလာ ကန့်သတ်ထားကြောင်းသိရသည်။
ပို့တွေ့လူနာနှင့် ယာဉ်မောင်းတို့သည် ကလေးမြို့၊ စက်မှုဇုန်တွင် နေထိုင်သူများဖြစ်ကြ ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်