လှိုင်းဘွဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

လှိုင်းဘွဲ  ဒီဇင်ဘာလ ၁၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အဖော်ရေးအဖွဲ့၏ လုပ်ဆောင်ချက်များအား ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း၊ တံတား၊ ခြံစည်းရိုးကာရံခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ အဆောက်အဦး ဆောက်လုပ်ခြင်း၊ လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

 

ခင်စန်းမြင့်