တွံတေး ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ကူညီ ထောက်ပံ့ ရေး အဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေးအလှူရှင်များက ယမန်နေ့ နေ့လည်က နေရာ အသီးသီးတွင် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ကူညီစောင့်ရှောက်ရေးအဖွဲ့အား ကိုဗစ်-၁၉ လုပ်ငန်းများ ဆောင်ရွက်မှုများတွင် အသုံးပြုရန် အတွက် မြန်မာနိုင်ငံစဉ့်အသင်း မီးဖို လုပ်ငန်း (တွံတေးရုံးခွဲ) မှ အလှူငွေ (၅၀၀၀၀၀)ကျပ် ဦးစိုးဋ္ဌေး မိသားစုမှ ၁၀၀၀၀၀ ကျပ်၊ ရန်ကုန်မြို့သီရိမင်္ဂလာစျေးသူ/ စျေးသား များမှ(၂၀၀၀၀၀)ကျပ်၊ မောင်ဇေယျာလင်း မိသားစုမှ (၁၀၀၀၀၀)ကျပ်၊ ဒေါ်မြင့်မိသားစုမှ(၁၀၀၀၀၀)ကျပ်၊ တမံကြီးကျေးရွာမှ ဦးအုန်းမြင့်မှ (၁၀၀၀၀၀) ကျပ်၊ ဦးမင်းထွန်းမိသားစုမှ(၅၀၀၀၀)ကျပ်၊ ဦးသန်းအေးမိသားစုမှ (၅၀၀၀၀) ကျပ်၊ ဒေါ်သိင်္ဂီထွန်းမိသားစုမှ (၅၀၀၀၀) ကျပ်၊ Pact Mysnmar မှကိုအောင်ဖြိုးပိုင်နှင့်သူငယ်ချင်းများ က (၄၅၀၀၀)ကျပ်၊ ဒေါ်ညွန့်ကြည်အား ရည်စူး၍ မြေးဖြစ်သူ ကိုအောင်မျိုးဆန်းမှ (၃၀၀၀၀) ကျပ်၊ ဒေါ်နုငယ်ထွေးမှ (၃၀၀၀၀)ကျပ်အား ကိုဗစ်-၁၉အထောက်အကူပြုအဖွဲ့အား လှူဒါန်းပေးရာ တာဝန် ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက်လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှကျေးဇူးတင်စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)