ရေနံချောင်း ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံစိုက်ဧက တစ်သောင်း ကျော် လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ လယ်ယာမြေနှင့် ကိုင်းမြေများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီ ၃၀၇၀ ဧက၊ မြေပဲ ၂၅၀၀ ဧက၊ ပဲလွန်း ၁၅၀၀ ဧက၊ ကုလားပဲ ၆၈၇ ဧက၊ စားတော်ပဲ ၇၅၀ ဧက၊ ငရုပ်ခြောက် ၅၇၆ ဧက၊ နှမ်း ၅၁၁ ဧက၊ ပဲတီစိမ်း ၃၇၈ ဧက၊ ကျွဲနွားအစာ ၆၇၈ ဧကနှင့် ဖူးစားပြောင်း၊ မတ်ပဲ၊ ပဲကြီး၊ နေကြာ၊ ပန်းနှမ်း၊ ထောပတ်ပဲနှင့် ဟင်းသီးဟင်းရွက် စသည့်သီးနှံစုစုပေါင်း ဧက ၁၁၂၆၀ လျာထားစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
ဆောင်းသီးနှံများတွင် ရောဂါပိုးများ ကျရောက်မှုမရှိစေရန်နှင့် အထွက်နှုန်းတိုးစေရန်အတွက် သီးနှံပြုစုပျိုး ထောင်ခြင်းလုပ်ငန်းများနှင့် ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကိုလည်း မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကိုစိုးကြီး