ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တု့န်ပြန် ရေး ကော်မတီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက အဓိက မြို့ဝင်ဂိတ်များ ဖြစ်သည့် ကြာအင်းဆိပ်ကြီး- မော်လမြိုင်လမ်း၊ မြစ်ကမ်းနားကူတို့ဆိပ်၊ ကြာအင်းဆိပ်ကြီး- ကော့ကရိတ်ကရိတ်လမ်း (ကျိုက်ဒုံလမ်းဆုံ) တို့တွင် Mask များစနစ်တကျ တပ်ဆင်သွားလာရေး၊ မော်တော်ယာဉ်များအနေဖြင့် ခွင့် ပြုချက်ရှိမှသာ ခရီးသွားလာရေး၊ မြို့နယ်ပြင်ပသို့ ခရီးသွားလာရာ တွင်လည် ထောက်ခံချက်ဖြင့် သွားလာ ရေးတို့ကို ပညာပေးဆောင်ရွက်ကာ Mask များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သဲဝါ(ပြန်/ဆက်)