ကော့ကရိတ် ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် နေအိမ်ပြင်ပထွက်သူများ နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေး စစ်ဆေးဆောင် ရွက်ခြင်းအသိပညာပေးခြင်း ကို ယနေ့နံနက်ပိုင်းတွင်လူစည်ကားရာ နေရာများဖြစ် သည့် ကော့ကရိတ် မြို့ပေါ် လမ်းဆုံလမ်းထောင့်နေရာတို့တွင် အသိပညာပေးစစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်တို့မှ သက်ဆိုင်ရာရပ်ကွက်အ လိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင် များ၊စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ လူစည်းကား ရာ လမ်းဆုံလမ်းထောင့်နေရာတို့တွင် နံနက်၇နာရီမှ၁၀နာရီအထိ နေအိမ်အပြင်သို့ နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိဘဲ သွားလာကြ သူများကို တစ်ဦးလျှင် နှာခေါင်းစည်း တစ်ခုအတွက်ငွေကျပ်နှစ်ရာ (၂၀၀)ကျပ်၊ ဒဏ်ငွေပေး ဆောင်စေခြင်းနှင့် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပေးပြော ကြားခဲ့သည်။
အဆိုပါ အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကိုဒီဇင်ဘာ ၉ ရက်နေ့မှစ၍ စစ်ဆေး ဆောင်ရွက် လျက်ရှိပြီး ဆက်လက်၍ ကိုဗစ်.၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်အသိပညာပေးလုပ်ငန်း များကိုဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ်ကိုဗစ်.၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
ခင်မျိုးဝင်း