၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ရှင်းလင်းပွဲ ကျင်းပ

ဖလမ်း      ဒီဇင်ဘာ        ၁၀

၂၀၂၁ ခုနှစ်တွင် ခရိုင်၊ မြို့နယ်တရားရုံးများတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီခန့်ခွဲမှုအစီအစဉ် ( Case Management Program )အကောင်အထည် ဖော်ဆောင်ရွက်ရေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။

ရှင်းလင်းပွဲတွင် ဖလမ်းခရိုင်တရားသူကြီး ဦးလှဦး နှင့် ချင်းပြည်နယ်တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး( မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ညှိနှိုင်းရေးမှူး )ဒေါ်ကေသီဝင်းတို့က ခရိုင်၊ မြို့နယ် တရားရုံးများ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များကို ရှင်းလင်းကြပြီး တက်ရောက် လာကြသူများက မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြသည်။ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်( Case Management Program )ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ခရိုင်၊ မြို့နယ် တရားရုံးများတွင် အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ကြောင်းနှင့် ရှင်းလင်းပွဲတွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဂျွန်