လပွတ္တာ ဒီဇင်ဘာ ၁၁
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လပွတ္တာမြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြခြင်းနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့၀င်ဂိတ်များကို စနစ်တကျစစ်ဆေးရေး ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းချက်များကို ချိုးဖောက်ခြင်းအတွက် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ A အဆင့်နှင့်ညီသော စျေးဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့တို့မှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး Quarantine Center ထားရှိနိုင်ရန် နေရာများစီစဉ်ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့၀င်များမှ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြောင်းသိရသည်။
၀င်းကျော်မြင့်(ပြန်/ဆက်)