လှိုင်းဘွဲမြို့နယ် ထော်ရွဲကမ်နားကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

လှိုင်းဘွဲ       ဒီဇင်ဘာ  ၁၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အင်းနို့သိပ္ပံ ကျေးရွာ အုပ်စု၊ ​ထော်ရွဲကမ်းနားကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၀ ခုနှစ် ​​အောက်တိုဘာလ၂၈ ရက်​နေ့က စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ် ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၂၀၂၅၀၀၀၀)ကျပ်ဖြင့် လမ်း(အရှည် ၁၄၀၀ပေ ၊ အကျယ် ၁၂​ပေ ၊ အထူ ၆လက်မ)လမ်းခင်းခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံ ကိန်းမှ လက်​ထောက်နည်းပညာမှူးနန်းဇီဇဝါပွင့်၊ လူထုစည်းရုံး​ရေးမှူး​နန်းစန်းစန်းမြင့်တို့မှအနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဦးစီးမှူး ​ဒေါ်​အေးမြနန္ဒာထွန်းနှင့် မြို့နယ်နည်းပညာ       အကြံ​ပေး အဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှုများဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့ကြပြီး​ ထောရွဲ ကမ်းနားကျေးရွာမှ အိမ်​ထောင်စု (၇၀)စု၊ လူဦးရေ (၄၂၅)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှု​ရေးများအတွက် သွား/လာ​ရေးလွယ်ကူ​ချော​မွေ့ အဆင်​ပြေလာမည်ဖြစ်​ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)