နာဂဒေသ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့တွင် ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူ (၂ )ဦးတွေ့ရှိ

နန်းယွန်း ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့ ကြူယန်းလောင်ပကျေးရွာနေ အမျိူးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါင်း(၂ )ဦးတို့အား ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။

အဆိုပါ Positive လူနာ နှစ်ဦးအား တာဝန်ရှိသူတို့က ကြပ်မတ်၍ နန်းယွန်းမြို့ ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီး အထူးကြပ်မတ်သီးသန့်ကုသဆောင်တွင် ထားရှိကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့်အညီမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဟန်ကမ်း(ပြန်/ဆက်