မကွေး ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၃၄)ဦး ထပ်တိုးတွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၁၇၀၃) ဦးထိ ရှိပြီဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ရှိနေဆဲပါ၊ ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက RDT results အရ တွေ့ရှိခဲ့တာဖြစ်ပြီး၊ အောင်လံ(၂)ဦး၊ ဆိပ်ဖြူ(၅)ဦး၊ မင်းလှ(၁)ဦး၊စလင်း(၁)ဦး၊ မြို့သစ်(၁)ဦး၊ နတ်မောက်(၄)ဦး၊ဂန့်ဂေါ(၅)ဦး၊ မင်းဘူး(၂)ဦး၊ မကွေး(၉)ဦး နဲ့ တောင်တွင်းကြီး(၄)ဦးတို့ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက ဂန့်ဂေါက(၄)ဦး၊ နတ်မောက်(၃)ဦး၊ တောင်တွင်းကြီး(၃)ဦး၊ဆိပ်ဖြူ(၅)ဦးနဲ့ အောင်လံ(၂)ဦးတို့က ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသူတွေပါ၊ ဂန့်ဂေါ(၁)ဦးက ယာဉ်မောင်းဖြစ်ပြီး မင်းလှ(၁)ဦး၊စလင်း(၁)ဦး၊ မြို့သစ်(၁) ဦးတို့က အနံ့ပျောက် လက္ခ ဏာပြသူတွေနဲ့ မင်းဘူး(၂)ဦးက Q - စင်တာကဖြစ်ပါတယ်၊ ဒီနေ့ညပိုင်းအချိန်အထိ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း(၁၇၀၃)ဦး ရှိနေပြီ ဖြစ်တယ်လို့ တိုင်းဒေ သကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြား သည်။
မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၇၀၃) ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P Contact) များထဲမှ ပိုးတွေ့လူနာများ ထပ်တိုးတွေ့ရှိလာတာကြောင့် ပြည်သူများအနေဖြင့် အထူး သတိပြုဆင်ခြင် ပြုမှုနေထိုင်ကြပါရန် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက တိုက်တွန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)