ဟုမ္မလင်း ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ CERP အစီအစဉ်ဖြင့်မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် (၁၂)နာရီက ဟုမ္မလင်းမြို့ နယ်၊ပုံနွဲ့ကျေးရွာအုပ်စု၊မန်မော်ကျေးရွာ၊ မန်စော်ဆိုင်းကွင်း တောင်သူ ဦးနေဝင်းနှင့် ဦးမိုးအောင် တို့လယ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်/ထောက်ဦးစီးမှူး ဦးအွေလီယို၊ ဒု-လက်/ထောက်ဦးစီးမှူးများနှင့် တောင်သူ ဦးကြီးများက စုပေါင်း၍ ၆ ဒသမ ၆ ပေပတ်လည် စံကွက်ရိသိမ်းခဲ့ရာ အထွက် နို့ဆီးဗူး ၁၂ဗူး၊ ဆင်ဧကရီ-၃ တစ်ဧကအထွက်နှုန်း (၉၃ဒသမ၇၅) တင်းထွက် ရှိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ အရည်အသွေး စမ်းသပ် စစ်ဆေး ရန် နမှုနာယူခြင်း၊ မျိုးများစနစ်တကျသိုလှောင်ထိန်းသိမ်းရန် တောင်သူများအား အသိပညာပေး ခြင်းများပါ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)