သဲကုန်းမြို့နယ်တွင် မြို့နယ်အခြေစိုက်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT Test Kid ဖြင့် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွန်ချက်အရ သဲကုန်းမြို့နယ် အခြေစိုက်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အားလုံးကို RDT Test Kid ဖြင့် တစ်ပတ်လျှင်နှစ်ကြိမ် ကိုဗစ်ရောဂါပိုး ရှိ/မရှိအား အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့ နေ့လယ် ၂ နာရီအချိန်တွင် သဲကုန်းမြို့နယ်ဆေးရုံတွင် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်သည်။

ရေကြည်ပန်းဥယျာဉ် သာယာလှပရေး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ယနေ့နံနက် (၇) နာရီအချိန်က ရေကြည်ပန်းဥယျာဉ်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင်ဆောင်းသီးနှံ အစေ့ထုတ်ပြောင်းများ ဖြစ်ထွန်းအောင်မြင်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ မိပါးကျေးရွာအုပ်စုရှိ သေ့ဘော့ဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာရှိ ဒေသခံတောင်သူများအနေဖြင့် အဆင့်မြင့်ရေပေးဝေရေး စနစ်အသုံးပြု၍ ဆောင်းသီးနှံဖြစ် သည့် အစေ့ထုတ်ပြောင်းများစိုက်ပျိုးရာ ဧက (၈၀)ကျော် အောင်မြင်ဖြစ် ထွန်းလျက်ရှိသည်။

ဘုတ်ပြင်းမြို့၌ ကျန်းမာရေးစစ်ဆေးမှု(A)အဆင့်ရှိသော စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်း စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပြန်လည်ရောင်းချနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက်၁၀နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့မွန်းလွဲ(၂)နာရီကအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (OSS)ရုံး အစည်းအဝေး ခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာမှ ကိုဘစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂) ရက်အတွင်း (၇)ဦးထိ ရှိလာ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှ (၂)ရက်အတွင်း COVID-19 ရောဂါအတည်ပြုလူနာ (၇)ဦး တွေ့ရှိခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။

ကျိုင်းတုံမြို့ ဘုန်းတော်ကြီးကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စာသင်သားရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ အထင်ကရဘုန်းကြီးကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ ဟိုခုံဘုန်းတော်ကြီးကျောင်း၌ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြစ်သားမြို့တွင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ(TalkShow)ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အလှူငွေများလှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၃၉ဝ)ဦးရှိပြီး ကုတင် ၁ဝဝ ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ကုသဆဲလူနာ(၈ဝ)ဦးနှင့် ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ (၃၀၉)ဦးရှိပြီး ကိုဗစ်အတည်ပြုလူနာတစ်ဦး ရှိသည်။

ပုံပါကျင်မြို့တွင် စည်ပင်သာယာရေးဌာနမှ အရိပ်ရအပင်များနှင့် အလှပန်းပင်များ ပျိုးထောင်၍ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ စည်ပင်သာရေးဌာန၊ ပျိုးဉယျာဉ်တွင် အရိပ်ရပင်နှင့် အလှပန်းပင်များ ပျိုးထောင် ထားရှိပြီး ဒေသခံပြည်သူများထံ အခမဲ့ဖြန့်ဝေလျက် ရှိကြောင်း သိရသည်။
Subscribe to