နတ်မောက် ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ နိုင်ငံ့ရတနာဆရာတော် (မန္တလေး)၊ စင်္ကာပူရောက် နတ်မောက်သူနတ်မောက်သားများနှင့် နတ်မောက်ကွန်ရက်ပရဟိတလူမှု အကျိုးပြုအသင်း တို့ ပူးပေါင်းပြီး အထူးကြပ်မတ်ဆောင်သုံးကုတင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ညနေပိုင်းက မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းစည်သူထံ ပေးအပ် လှူဒါန်းခဲ့ ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များကိုယ်စား နတ်မောက်ကွန်ရက်ပရဟိတလူမှုအကျိူးပြုအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံအထူးကြပ်မတ်ဆောင်သုံးကုတင် (၂) လုံး၊ PPE ဝတ်စုံ ( ၂၂ ) စုံ။ N ( 95 ) Mask ( ၁၂၀) ခု ၊ Surgical Gowns ( ၇၇ ) ခုအား မြို့နယ်ကုသရေးဦးစီးဌာနမှူး ထံပေး အပ်လှူ ဒါန်းခဲ့သည်။
ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူးဒေါက်တာဝင်းစည်သူက အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်