သဲကုန်းမြို့နယ်တွင် Mask Campaign နှင့် အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သဲကုန်းမြို့နယ် ကြက်ခြေ နီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပန်းတောင်းမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း (VDP) စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဝင် ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပန်းတောင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၇)အုပ်စု၊ ကျေးရွာ(၇)ရွာတွင် အကောင်အ​ထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း (VDP)စီမံ ကိန်းမိတ်ဆက ခြင်းနှင့် ကျေးရွာ ကော်မတီရွေးချယ်ခြင်းအား ယမန်နေ့ နံနက်ပိုင်းက ဘုရားပေါ်ကျေးရွာနှင့် တောင်ဘို့ကွင်း ကျေးရွာတို့ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျားနာကုသရေးဆေးခန်း Fever Clinic Centre အသစ်ကို မဟာအောင်မြေမြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်

ဖျားနာကုသရေးဆေးခန်း (Fever Clinic Centre) အသစ်ကို မဟာအောင်မြေမြို့နယ်၊ ၄၁လမ်း၊ လက်သမားရပ် ထပ်မံတိုးချဲ့ဖွင့်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်း ဒေသကြီး) COVID-19 Response Team မှ သိရသည်။

အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် စက်ဘီး(၃)စီးလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ် အတွင်း ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ စက်ဘီး(၃)စီး ကို ယမန်နေ့ နံနက်(၈) နာရီအချိန်က လှူဒါန်းခဲ့ ကြောင်း သိရသည်။

အလုံမြို့နယ်အ-ထ-က(၇) အသွားအလာကန့်ကတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ ထမင်းဘူးများ လာ​ရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်နေ့က ထမင်းဘူးများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) အစီအစဉ်အရ စိုက်ပျိုးထားသည့် မနောသုခ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် တောကျောင်းကြီး အုပ်စု၊‌တောကျောင်းကြီးစံပြ‌ကျေးရွာ ကွင်းအမှတ်(၁၉၆၃က) ၊ ဦးပိုင် (၃၀၈)တောင်သူ ဦးလှဌေး ၏ အောင်မြင်ဖြစ်ထွန်းနေသော မနောသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ဒီဇင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီအချိန်က စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ တွင် SICRL စီမံကိန်းရလဒ်များနှင့် သုတေသနစာတမ်းများ ပေးအပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့တွင် တောင်ငူမြို့ ဂရုဏာလူမှု စည်းလုံး ညီညွတ်ရေးအသင်း (KMSS)၏ ဦးဆောင်စီစဉ်မှုဖြင့် SICRL စီမံကိန်း ရလဒ်များ နှင့် သုတေသန စာတမ်းများ ပေးအပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က ကတ်သလစ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာနေသူများကို နှာခေါင်းစည်း မပါရှိလျှင် အခမဲ့နှာခေါင်းစည်း တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် နှင့် ကြိုတင်ကာကွယ် နိုင်စေရန် ရည်ရွယ်၍ နေအိမ်ပြင်ပသို့ သွားလာနေသူများကို နှာခေါင်းစည်း မပါရှိလျှင် အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာ ပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ့ထောပတ်သီးကို ဝယ်ယူရန် အီတလီနိုင်ငံနှင်ဂျာမနီနိုင်ငံတို့က ကမ်းလှမ်းမှုများရှိလာ

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ဒေသမျိုးကောင်းထောပတ်သီးများကို ပထမအကြိမ်အဖြစ် ဥရောပနိုင်ငံများဖြစ်သော အီတလီနိုင်ငံနှင်ဂျာမနီနိုင်ငံတို့က တရားဝင်ကမ်းလှမ်းမှုများရှိလာကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကသိရသည်။

စမ်းချောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က စမ်းချောင်းမြို့နယ် အတွင်းရှိ စမ်းချောင်း(တောင်)ရပ်ကွက်၊ စမ်းချောင်း(မြောက်)ရပ်ကွက်နှင့် လင်းလွန်း(မြောက်)ရပ်ကွက် များအတွင်းရှိ စျေးများနှင့် ရပ်ကွက်များအတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် နှာခေါင်းစည်း (mask)များ တပ်ဆင်ရေးအတွက် လိုက်လံ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to