လူစည်ကားသည့် နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်

ဒိုက်ဦး ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့တွင်း မီးပွိုင့်လမ်းဆုံ၊ မြို့မစည်ပင်သာယာဈေးကြီးရှေ့နှင့် မင်းလမ်းမကြီး တလျှောက်၌ ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေး ဝန်ထမ်းများ ဦးဆောင်ပြီး ကိုဗစ်-၁၉ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခဲ့ကြောင်း သိရသည်။

(Mask Campaign) ပြုလုပ်ရာတွင် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာနှင့် မီးသတ်တပ်ဖွဲ့တို့မှ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Mask Campaign တွင် ပြည်သူများအား Mask အခုရေ (၁၀၀၀) နှင့် Face Shields (၂၀၀) ခု‌ အခမဲ့ဝေမျှခဲ့သည်။

ကျော်ကျော်(ဒိုက်ဦး)