ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊ အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (SinoPharm) များဆက် လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာ‌‌တော်ဆရာတော်ကြီးများ၊ အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (SinoPharm)ကို သြဂုတ်လ ၄ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ့အားကစားခန်းမ နှင့်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ရုံးတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီက ဇော်ဂျီရပ်ကွက်ရှိ ရဿဝတီခန်းမ၌ တာဝန် ရှိသူများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တလုံးမြို့၌ ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်သူများနှင့် ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကိုကျောက်တလုံးကြီးမြို့ အောင်ဓမ္မစေတီဘုရာကုန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့၌ အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်စေရန် ယမန်နေ့ ညနေပိုင်း (၄)နာရီအချိန်က နမ့်ခမ်းမြို့ ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ် လူငယ်ခန်းမတို့၌ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင် ၃ မိုင် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးများ ထပ်မံရောက်ရှိ

ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ၃ မိုင်မြို့သစ်ခုတင် (၂၀၀) ပြည် သူ့ဆေးရုံကြီးသို့ အလှူရှင်များစုပေါင်းလှူဒါန်းသည့် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ယနေ့ နေ့လယ် ၂ နာရီခွဲအချိန်က ရောက်ရှိကြောင်း သိရသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်၌ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ မွန်းတည့်အချိန်က နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်အတွင်းရှိ မဟာဘွဲ့နှင်းသဘင်ခန်မတွင် ပြုလုပ်သည်။

ငါးသိုင်းချောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (စတုတ္ထနေ့) ဆက်လက်ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အထကဆေးထိုးစုရပ်၌ ယနေ့ နံနက် (၈) နာရီခွဲအချိန်မှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (စတုတ္ထနေ့) အစီအစဉ်ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ယမန်နေ့က ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ညောင်လေးပင်မြို့ရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနေမှု အခြေအနေအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လာရောက်ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်လေးပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနေမှု အခြေအနေများအား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ် တောကျွဲအင်းဒေသတွင် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အို များအား ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းတွင် လူမျိုးဘာသာမရွေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Subscribe to