မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ချနိုင်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအတွက် ပြည်သူများအား အသိပညာပေးနှိုးဆော်
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ချနိုင်ရေးနှင့် ကိုဗစ် ကာကွယ်ဆေးထိုးနှံရေးအတွက် ပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အသိပညာပေး ခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နေရာများတို့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။