နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

အောင်မြေသာစံ ဩဂုတ် ၄

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်၌ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ မွန်းတည့်အချိန်က နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်အတွင်းရှိ မဟာဘွဲ့နှင်းသဘင်ခန်မတွင် ပြုလုပ်သည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် သံဃာတော် (၁၄၅)ပါး၊ သာသနာ့နွယ်ဝင် သီလရှင် (၂၃) ပါးနှင့် လူပုဂ္ဂိုလ် (၆) ဦးတို့အား မန္တ​လေးနန်းတွင်းဆေးတပ်မှ အနုဇီဝဗေဒအထူးကု ပါရဂူ ဗိုလ်ကြီးဝင်းကိုကို​ဌေးပါ (၃) ဦး၊ အထက်တန်းသူနာပြု(၂)ဦးတို့က ထိုးနှံပေးကြပြီး မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးကျော်လှိုင်၊ တိုင်းသာထွန်းပြန့်မှ ဦးစီးအရာရှိ ဦးဇော်ဦး၊ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် ဝန်ထမ်း များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)