နမ့်ခမ်းမြို့၌ အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နမ့်ခမ်း ဩဂုတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်စေရန် ယမန်နေ့ ညနေပိုင်း (၄)နာရီအချိန်က နမ့်ခမ်းမြို့ ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ် လူငယ်ခန်းမတို့၌ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး အတွက် နမ့်ခမ်းခမ်းမြို့ရှိ ပြည်သူများမှ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ကာကွယ်ဆေး အလုံးရေ (၄၅၀) လုံးရောက်ရှိပြီး လူဦးရေ (၉၀၀) ဦးစာ ထိုးနှံပေးခဲ့ရာ အသက်(၆၅)နှစ်အထက် အဘိုး အဖွားများ(၄၀၂)ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ (၉၁)ဦး၊ သံဃာတော် (၁၅)ပါး၊ Volunteer ပရဟိတအဖွဲ့(၃၅)ဦးနှင့် Super Market ဝန်ထမ်းများ (၃၅၇) ဦး စုစုပေါင်း(၉၀၀)ဦးအား  မြို့နယ်ပြည်သူ့ ဆေးရုံးအုပ် ဒေါက်တာ စိုင်းလှတင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် စကခ(၇)၊ စစ်တပ်ဆေးဆရာဝန်များက (၃၁-၇-၂၀၂၁)ရက်နေ့မှ (၃-၈-၂၀၂၁) ရက်နေ့ ညနေ (၄) နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့သည်။

ကာကွယ် ဆေးထိုးနှံရာတွင် အဆင်ပြေချောမွှေ့စွာ ထိုးနှံနိုင်ရေးကို နမ့်ခမ်းမြို့ရှိ စကခ (၇)၊ တပ်မမှူး ဗိုလ်မှူးချုပ် နေလင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းတို့က ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဘဦး(ပြန်ဆက်)