ညောင်လေးပင် ဩဂုတ် ၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်လေးပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနေမှု အခြေအနေများအား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း စသည်ဖြင့် မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုကူညီရေးပရဟိတ အသင်းအဖွဲ့များ လုပ်ကိုင်ဆောင်ရွက်နေမှုများအားကြည့်ရှုကာ ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို နေရာ ၁၀ နေရာခွဲ၍ ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ဩဂုတ်လ ၃ ရက်နေ့အထိ စာရင်း အရ ၃၀၀၀ ဦးကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံရန် ဦးတည်အုပ်စုများအား ဦးစားပေးအလိုက် ကာကွယ်ဆေး ရရှိမှုပေါ် မူတည်၍ အမြန်ဆုံးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်