မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာ၌ ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာချင်းဆက် ကွန်ကရစ်တံတား ကမ်းကပ်ခုံ ပြိုကျပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကောင်းချောင်း ရေတိုက်စားမှုကြောင့် လောင်းကောင်း-ညောင်သပြေ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား ကမ်းကပ်ခုံ ကျိုးကျနိမ့်ဆင်းမှု ဖြစ်ပွားခဲ့သည်။