ဘုတလင် သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော်ဆရာတော်ကြီးများ၊ အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (SinoPharm)ကို သြဂုတ်လ ၄ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ့အားကစားခန်းမ နှင့်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ရုံးတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော်ဆရာတော်ကြီးများ/သီလရှင်များ (၂၇)ပါး၊အသက်(၆၅) နှစ်နှင့်အထက်ဘိုးဘွား(၂၅၁)ဦး၊ နိုင်ငံဝန်ထမ်း(၁၃)ဦး၊ နိုင်ငံဝန်ထမ်းမိသားစု(၂၉)ဦး၊ ပရဟိတ အသင်းများမှ(volunteer)(၄)ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှဝန်ထမ်း(၁၃၀)ဦး၊ ပုဂ္ဂလိကပို့ ဆောင်ရေးဝန်ထမ်း(၅)ဦး၊ဈေးသူ၊ဈေးသား ပြည်သူများ(၈၇)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၂)ဦး) စုစုပေါင်း(၅၄၈)ဦးတို့ကိုမြို့နယ်ကုသရေးဦးစီးဌာနကာကွယ်ဆေးထိုးအဖွဲ့များက ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး(SinoPharm)များ ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး(SinoPharm) ကာကွယ် ဆေးများစနစ်တကျထိုးနှံပေးနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြပြီး သြဂုတ်လ(၅)ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နှင်းယုအေး