ငါးသိုင်းချောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (စတုတ္ထနေ့) ဆက်လက်ထိုးနှံ

ငါးသိုင်းချောင်း ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အထကဆေးထိုးစုရပ်၌ ယနေ့ နံနက် (၈) နာရီခွဲအချိန်မှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (စတုတ္ထနေ့) အစီအစဉ်ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးစုရပ်၌ ဇူလိုင်လ(၃၀)ရက်နေ့၊ ဩဂုတ်လ(၂)ရက်နှင့် (၃)ရက်နေ့များတွင် မြို့ပေါ်ရှိအသက် (၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ သာသနာ့ဝန်ထမ်းများကို ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင်ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါ စေတနာ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များကိုပါ ဦးစားပေး အစီအစဉ် အလိုက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ကာကွယ်ဆေးထိုးရန်အတွက် လူဦးရေ (၂၀၀) ကာကွယ် ဆေးထိုးနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)