ဘီးလင်းမြစ်ရေစိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသရှိ ပြည်သူများအား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထား

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဩဂုတ်၁ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၀၂၂စင်တီမီတာ အထက် ၂ စင်တီမီတာ ကျော်လွန်မြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းဒေသတွင် နေထိုင်ကြသော ပြည်သူများအား ယနေ့ နံနက်ပိုင်းက ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ Sinopharm(CHINA)ထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိ

ရမည်းသင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Sinopharm (CHINA)ထုတ် ကိုဗစ်ကာကွယ်ဆေး ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ရမည်းသင်းမြို့ သီလဝခန်းမ၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးစတင်ထိုးနှံပေး

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက် မှုကို လျှော့ချနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦး ဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား (၈၀၀)ဦးကို နှစ်နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Sinopharm အမျိုးအစား ကိုဗစ်−၁၉ Vaccine များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာလိမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က နမ့်ခုံးရှမ်းများ ပရဟိတခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။

မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး ဆော်သြခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အတွင်းရှိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်းကျေးရွာအဝင် တံတားချည်း ကပ်မြေသား အနည်းငယ်ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဩဂုတ် ၁ ရက်ည ၉ နာရီခန့်မှ ယမန်နေ့ နံနက် ၈ နာရီခန့် အထိ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကန့်ဘလူ-ထန်းကုန်း-ကာဘိုးလမ်း ပေါ်ရှိ ချင်မြစ်ကျင်းကျေးရွာအဂင် အုတ်ခံဖောင်ဒေးရှင်း သစ်သားကြမ်းခင်းတံတားသည် ရေတိုက်စားမှုကြောင့် တံတားချည်းကပ်မြေသား အကျယ် ၁၀ ပေခန့် ပျက်စီးသွားကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွား များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဖြစ်သည့် Sinopharm အမျိုးအစား Covid-19 Vaccine များကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့ က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဆုပေးပွဲ ခန်းမတွင် ထိုးနှံပေးခဲ့သည်။

Oxygen Plant တည်ဆောက်ပြီးသွားတဲ့အခါ အောက်ဆီဂျင်အတွက် စိုးရိမ်စရာမရှိတော့ပါဘူး နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင်-၃၀၀မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် တွေ့ဆုံ မေးမြန်းခြင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဇွန်လမှစတင်၍ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု ပြန်လည် မြင့်တက်လာသဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဆေးရုံများတွင် ကိုဗစ်-၁၉ရောဂါ ကုသရေး စင်တာများ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါစင်တာများအနက် နေပြည်တော် ပြည်သူ့ဆေးရုံ ကြီးကုတင်-၃၀၀မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် ကိုဗစ်-၁၉ရောဂါ ကုသမှုပေးနေသည့် အခြေအနေများကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်မှ Oxygen Concentrator နှင့် PPE ဝတ်စုံများ လှူဒါန်း

မကွေးတိုင်းဒေသကြီး ၊ သရက်မြို့ ပြည်သူ့ဆေး၌ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကိုဗစ်- ၁၉ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Oxygen Concentrator (၁၀)လီတာ (၄) လုံး၊ (၅) လီတာတစ်လုံး နှင့် PPE ဝတ်စုံများ လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ (Sinopharm) ကိုဗစ်−၁၉ ကာကွယ်ဆေးဆက်လက် ထိုးနှံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မြောက်ဦး၊ ကျောက်တော်၊ မြေပုံနှင့် မင်းပြားမြို့နယ်များရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံစသော သတ်မှတ်စု ရပ်နေရာများတွင် လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to