မက်မန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မက်မန်း ဩဂုတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ယမန်နေ့က ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင်   အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သံဃာတော် များနှင့် စေတနာ့ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေခြင်းဖြစ်သည်။

မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည့်သူ ၃၁၁ ဦးရှိပြီး ဆေးအလုံးရေ ၁၅၅ လုံးရရှိကာ သတ်မှတ် ဦးစားပေးအလိုက်ထိုးနှံပေးနေကြောင်း သိရသည်။

အဆိုပါဆေးထိုးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးထွန်း လင်းအောင်နှင့် ကော်မတီ၀င်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ၀န်ထမ်းများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်၀န်ထမ်းများပူးပေါင်း၍ လိုအပ်ချက်များအားဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပန်းကျင်(ပြန်/ဆက်)