ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ စေတနာရှင်အလှူရှင်များ စုပေါင်း၍အသက် (၇၀)နှစ် အထက် ဘိုးဘွားများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နေ သည့်ကာလအတွင်း၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရပ်တည်ရန်ခက်ခဲ‌‌သည့် အသက်(၇၀) နှစ်အထက်ဘိုးဘွားများအား စားသုံးကုန်ပစ္စည်းများ အိမ်အရောက်လိုက်လံထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ စေတနာရှင်အလှူရှင်များစုပေါင်း၍ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင်း အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက်ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီက ရွာငံမြို့ဗထူးခန်းမ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုးနှင့် မြို့ကြီး ကျေးရွာများရှိ အထက များ၌ ဇုန်(၅)ဇုန်ခွဲ၍ ထိုးနှံပေးခဲ့သည်။

ကျုံပျော်တွင် အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွား (၃၀၀၀) ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ‌ ပေးလျှက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွား (၃၀၀၀)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တိုက်နယ် အသီးသီးတွင် ထိုးနှံပေးလျှက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ကျွန်းစုမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့နံနက် (၉)နာရီမှစ၍ Sinopharm (CHINA) ထုတ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်‌တော်၊ ကြက်ဥနှင့် နှာခေါင်းစည်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဝါတွင်းကာလ ဆွမ်းကိစ္စ အဆင်‌ပြေစေရန်အတွက် ပေးပို့လှူဒါန်းသော ဆွမ်းဆန်တော်များကို ယနေ့နံနက်  ၈ နာရီအချိန်က မိုးနဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ဆက်လက်ပေးပို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆေးရုံများနှင့် ပြည်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက် အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့မွန်းလွဲ ၂ နာရီက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးဝန်း အတွင်း၌ တည်ဆောက်ထားသည့် Liquid Oxygen Tank Station သို့ Liquid Oxygen (၂၀)တန် ထည့်သွင်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လုံခြုံရေး၊ မီးဘေးအန္တရာယ်နှင့် ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

ပိုင်ကျုံမြို၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိရန်နှင့် ဆေးကုသပေးနိုင်ရေးအတွက် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဘုရားရှစ်ခိုးကျောင်း ဘောင်ဒါဆောင်နှင့် တိုက်နယ်ဆေးရုံ၌ ပိုးတွေ့လူနာများအား ထားရှိကုသနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် သံဃာတော်များနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် သံဃာတော်များ၊ ခရစ်ယာန် ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ Volunteer နှင့် ပရဟိတအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး နှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်အတွင်း ထပ်မံဖွင့်လှစ်မည့် Quarantine Centre နေရာများ ပြင်ဆင်ထားရှိမှုကို တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် လိုက်လံကြည့်ရှု ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံ

တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့် ရှမ်းပြည်နယ် ပြည်နယ်ကုသရေးညွှန်ကြားရေးမှူး ဒေါက်တာဝင်းမော်ဦးတို့သည် ယမန်နေ့နံနက် (၁၀)နာရီခွဲခန့် က ညောင်ရွှေမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေးရာ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသစ်လွင်သိန်းနှင့် တာဝန်ရှိသူများ က ရှင်းလင်းတင်ပြခဲ့ကြသည်။
Subscribe to