လပွတ္တာခရိုင် ၃ မိုင် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးများ ထပ်မံရောက်ရှိ

လပွတ္တာ သြဂုတ် ၄

 

ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ၃ မိုင်မြို့သစ်ခုတင် (၂၀၀) ပြည် သူ့ဆေးရုံကြီးသို့ အလှူရှင်များစုပေါင်းလှူဒါန်းသည့် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အိုးများကို ယနေ့ နေ့လယ် ၂ နာရီခွဲအချိန်က ရောက်ရှိကြောင်း သိရသည်။

အဆိုပါ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို စေတနာထက် သန်စွာဖြင့် အလှူရှင်များ ဖြစ်ကြသည့် လပွတ္တာမြို့ရှိ အလှူရှင်များဖြစ်ကြသည့် ဦးမြတ်သူနှင့်ဇနီး ဒေါ်မေရီသန်းထွန်း (တော်ဝင်စက်သုံးဆီဆိုင်) မှ ငွေကျပ် ၆၇၅၀၀၀ ကျပ်နှင့် ဦးညီညီနှင့်ဇနီး ဒေါ်ခင်အေးကြူ (ညီညီ ငါးပုဇွန်ရောင်းဝယ်ရေး)မှ ငွေကျပ် ၁၀၀၀၀၀ ကျပ်တို့ကို ယာဉ်မောင်း၊ ယာဉ် နောက်လိုက်နှင့် ကားခတို့အတွက်လှူဒါန်းခဲ့ပြီး ဦးလှဦးနှင့် ဇနီးဒေါ်ညွန့်ညွန့်စိန် (K-1 ကဏန်း မွေးမြူရေးနှင့် အဝယ်ဒိုင်) မှ ငွေကျပ် ၆၀၀၀၀ ကျပ်ကိုယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လမ်းခရီး စားစရိတ် အတွက်စုပေါင်း၍ လှူဒါန်းခဲ့ရာ အနောက်တောင် တိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် 40L ဆံ့အောက်ဆီဂျင်အိုး ၂၅ လုံးအား ညောင်ခြေထောက် အောက်ဆီဂျင် စက်ရုံ သို့ သွားရောက်ထုတ်ယူခဲ့ပြီး လပွတ္တာခရိုင်၊ ၃ မိုင်မြို့သစ်၊ ခုတင် ၂၀၀ ဆေးရုံကြီးသို့ နေ့လယ် ၂ နာရီခွဲ အချိန်ကရောက်ရှိခဲ့ရာ လပွတ္တာမြို့တွင် လုံခြုံရေးတာ၀န် ထမ်းဆောင်လျက်ရှိသည့် တပ်မတော် သားများမှ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာခံစားနေ ရသောဝေဒနာရှင်များအတွက် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေး တွက် ဝိုင်းဝန်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယောဧရာ(ခရိုင်ပြန်/ဆက်)