ကသာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကသာမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဩဂုတ်လ(၂)ရက်နေ့ နံနက်(၈) နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်တွင် စေတနာရှင် ပြည်သူများမှ  ၄၀ လီတာ အောက်ဆီဂျင်အိုး ၂၀ လုံး လှူဒါန်း 

ပုလောမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ရာတွင် အထောက်အကူပြုနိုင်ရန် အတွက် အောက်ဆီဂျင်အိုးများကို ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများ စုပေါင်း၍ ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်တွင် နွမ်းပါးသူများအား ဆန်နှင့်ကြက်ဥများလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်တွင် နွမ်းပါးသူများကို ဆန်(၁)ပြည်၊ ကြက်ဥ(၃)လုံးတို့ကို ဝန်လိုရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ 

ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အပါအဝင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့က ကိုဗစ်-၁၉ ကာလအတွင်း သဲကုန်း​မြို့နယ်အတွင်းရှိ ပရဟိတကျောင်းများ၊ စာသင်တိုက်များ၊ တရားဓမ္မရိပ်သာ ကျောင်းများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်အပါအဝင်လှူဖွယ်ပစ္စည်းများအား သွားရောက်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ 

သန်လျင်ရေနံချက်စက်ရုံ၌ ပင်စင်လစာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အညီ ထုတ်ပေး သွားမည်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အမှတ် (၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘပြည်သူများ၏ ပင်စင်လစာများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေး စည်းကမ်း ချက်များနှင့်အညီ​ သြဂုတ် ၃ ရက် နံနက် ၈ နာရီတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါရေနံချက် စက်ရုံမှ သိရသည်။
Subscribe to