လှိုင်းဘွဲ့မြို့နယ်တွင် သံဃာတော်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် သံဃာတော်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က လှိုင်းဘွဲ့မြို့ အောင်ဆန်းခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ ကာကွယ် ဆေးထိုးရန် ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကာကွယ်ဆေးနှံပေး ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြောင်းမြမြို့ မြရွှေဝါခန်းမနှင့် ပညာရတနာခန်းမတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အသက်၆၅နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အသက် ၆၅နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံမှုအား ယနေ့နံနက် ၉နာရီက မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် အသက် ၆၅ နှစ်အထက်ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့်အုန်းပင်စုရပ်ကွက်၊ အ.ထ.က( ၁) ယုဇနခန်းမတွင် ရွှေဆံတော်ရပ်ကွက်ရှိ အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်၉နာရီကကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ၇၈၈ ဦးထိရှိပြီးဖြစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြ ကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန်ကျောင်းတိုက်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူ ဓမ္မာရုံတို့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင်စက်၀ယ်ယူရန်နှင့် ကာကွယ်ရေးသုံးပစ္စည်းများ ၀ယ်ယူရန်အလှူငွေများလှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက်၀ယ်ယူရန်နှင့် ကာကွယ် ရေးသုံးပစ္စည်းများ၀ယ်ယူရန်အတွက် အလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
Subscribe to