ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးညီနပ် နှင့် အဖွဲ့ဝင်များသည် မက်မန်းမြို့နယ် ၂၀၂၁ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ယူဆောင်ရွက်လျက်ရှိသော ရောင်အူ-ရောင်ကွန်လမ်း၊ မွတ်နိုး-ကောက်လန်း လမ်း၊ မက်မန်းမြို့ရှောင် ကျောက်လမ်းနှင့် နမ့်ကျွတ်-ပန်ကောက်-ရောင်ပန် မြေသားလမ်း၊ အခြေခံပညာဦးစီးဌာနမှ ဘဏ္ဍာနှစ်ဆောက်လုပ်သည့် မြို့နယ်ပညာရေးမှူးရုံးနှင့် ကျောင်းဆောင် များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တည်ဆောက်သည့် ကျောက်စီမြေထိန်းနံရံကို စစ်ဆေးပြီးလိုအပ်သည့် အချက်များကို သက်ဆိုင်ရာ ကုမ္ပဏီနှင့် တာဝန်ခံအင်ဂျင်နီယာကို အသေးစိပ် မှာကြားခဲ့ပါသည်။