ကျိူက်မရော၌ နွေရာသီ အားကစားသင်တန်းမျိုးစုံလေ့ကျင့်သင်ကြားပေး

ကျိုက်မရော မေ ၁၁
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မျိုး ဆက်သစ် အားကစားမောင်မယ်များအား နွေရာသီ အားကစားသင်တန်းအဖြစ် ဘော်လီဘော၊ စစ်တုရင် ၊မြန့်မာ့သိုင်းပညာ အား ကစားနည်းများကို မေ၁ရက်နေ့မှ မေ၂၁ရက်နေ့အထိ ကျိုက်မရောမြို့ မိုးလုံ လေလုံအားကစားခန်းမ၌လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါနွေရာသီအားကစားသင်တန်းကို မြို့နယ်အတွင်းမျိုးဆက်သစ် လူငယ် အားကစားသမား များပေါ်ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် ဘောလီဘော၊ ဘတ်စကက်ဘောကစားနည်းအပြင် မြန်မာ့ သိုင်းကစားနည်းများ၊ Physical Fitness Danceအကများနှင့် ဘောလီဘောသင်တန်းတွင်သင်တန်းသား (Dance)အကများကိုလည်း လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ဘောလီဘော သင်တန်းတွင်သင်တန်းသား (၆၀)ဦး၊ စစ်တုရင်သင်တန်းတွင် (၂၅)ဦး ရှိကြောင်း သိရသည်။
ယင်းသင်တန်းကာလ ပြီးဆုံးချိန်တွင် သင်တန်းသားများအား သင်တန်းဆင်း လက်မှတ် များ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးကိုကို ဝင်း ထံမှသိရသည်။
ချို မြတ်မြတ်ထွေး