တနင်္သာရီမြို့၌(Mask)တပ်ဆင်ခြင်းမပြုဘဲ နေအိမ်ပြင်ပထွက်ခွာ သွားလာသူများအား စစ်ဆေးအရေးယူမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေမှုအား ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို တပ်ဆင်ခြင်းမပြုဘဲ နေအိမ်မှပြင်ပထွက်ခွာသွားလာသူများအား စစ်ဆေးအရေးယူခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ပူးပေါင်းအဖွဲ့များက နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အထောက်အကူပစ္စည်းများ ထပ်မံဝင်ရောက်

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက်ပြည်ပမှ တင်သွင်းသည့် ကျန်းမာ‌ရေး သုံးပစ္စည်းများအား အများပြည်သူ ရုံးပိတ်ရက်၌ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းထားခြင်း မရှိဘဲ တာဝန်ရှိ ဌာန ဆိုင်ရာများအနေဖြင့် ရုံးချိန်အတွင်း သက်ဆိုင်ရာတာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များ နှင့်အညီ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်ကာလအတွင်း တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများကို အွန်လိုင်းမှတဆင့် အသိပညာများဖြန့်ဝေပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကိုဗစ်ကာလအတွင်း တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာ များကို အွန်လိုင်းမှတဆင့် အသိပညာများဖြန့်ဝေ လျက်ရှိကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေကူမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ၊ နှာခေါင်းစည်း(mask) နှင့် ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် သြဂုတ်လ ဒုတိယပတ်မှစတင်၍ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနံ ဘေးရှိကျေးရွာများနှင့် မြေနှိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်မှုများကြောင့် ရေကြီးနှစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်သည့် ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက်(၉) နာရီ တွင်အခြေခံ စားသောက်ကုန်များ၊ ပါးစပ်၊ နှာခေါင်းစည်း (mask) နှင့်ထောက်ပံ့ငွေများ သွားရောက် ထောက်ပံ့ ပေး အပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ အသက် ၆၅ နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးမည်

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွားများ၌ နေထိုင်ကြသော အသက် ၆၅ နှစ်နှင့်အထက် ရှိသူများအားမနက်ဖြန်မှ စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်များ စတင်ထိုးနှံ ပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့်ပတ်သက်၍ အမှတ်(၁)ရပ်ကွက် လူမှုအကျိုးပရဟိတအသင်းဥက္ကဋ္ဌ ဆရာတော် ဦးသူရိယနှင့် တွေ့ဆုံမေးမြန်း

မန္တလေးတိုင်းဒေသကြီး ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး လူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ အမှတ်(၁) မြောက်ကုန်းရပ် လူမှုအကျိုးပြုပရဟိတအသင်းမှ ဥက္ကဋ္ဌ ဆရာတော်ဦးသူရိယအား ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးမိုးမှ ယနေ့နံနက် ၈ နာရီအချိန်က သွားရောက် ဦးခိုက်ပူဇော် မေးလျှောက်ခဲ့သည်။

ခါမ်းပါတ်မြို့တွင် နယ်စပ်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ပျိုးပင်များထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် နာဂဒေသနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းလုပ်ငန်းအတွက် ဒေသခံတောင်သူများ အားပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က ခါမ်းပါတ်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အတွက် မြက်ဖြတ်စက် ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းဝေးခန်းမ၌ ယနေ့နံနက်၁၀နာရီ အချိန်က မြက်ရိတ်စက်ထောက်ပံ့ ပေးအပ် ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရေး နှင့် Positive Centre ပြင်ဆင်ရေး ညှိနှိုင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းသည် ယမန်နေ့မွန်းလွဲ ၁၂ နာရီက အရှေ့မော်တုန်းကျေးရွာအုပ်စု မော်တုန်းကျေးလက် ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြု ဆရာမဒေါ်မာမာစု၊ သားဖွားဆရာမဒေါ်ခင်သော်တာစိုးနှင့် အရှေ့မော်တုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစိုးသန်း၊ ရာအိမ်မှူးဦးစောထွဋ်တို့နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှေ့မော်တုန်းကျေးရွာအုပ်စုအတွင်း ကြိုတင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်း၍ ကြီးကြပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မိုးနဲမြို့တွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်အတွင်းနေထိုင်လျက်ရှိသူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ဆောင်ရွက်ပေးမည့် ပန်းခင်း စီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to