ဘူးသီးတောင်မြို့၌သဘာ၀ဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့၌ သဘာ၀ဘေး အန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့နံနက်ပိုင်းက ဘူးသီးတောင် မြို့အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံးအစည်းအဝေးခန်းမ ၌ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့၌ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာများအောက်ဆီဂျင်ပြတ်လတ်မှုမရှိ စေရန်အောက်ဆီဂျင်စက်ရုံတည်ဆောက် လျက်ရှိ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ အောက်ဆီဂျင်ပြတ်လတ်မှု မရှိစေရေး အတွက် အောက်ဆီဂျင်စက်ရုံကို ပေါက်တောမြို့အနောက်ပိုင်းရပ်ကွက် လောကထိပ်ပန်ဘုရားကြီးရင်ပြင်ရှေ့ မြေကွက်တွင်-၂၀၂၁-ခု ဇူလိုင်လ-၂၅ရက်နေ့ မှစတင်၍ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းနှင့် Oxygen Plantဖြစ်မြောက်ရေး ကော်မတီအဖွဲ့ထံမှသိရှိရသည်။

ကျိုက်လတ်မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလူမှုရေးအသင်းသို့ လုပ်ငန်းသုံးပစ္စည်းများပေးအပ်လှူဒါန်း

ကျိုက်လတ်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်မှ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ လူနာများအနီးကပ် ထိတွေ့ဆောင်ရွက်လျက်ရှိသည့် ကျိုက်လတ်မြို့နယ် သုခမေတ္တာလူမှုရေးအသင်းသို့လုပ်ငန်းသုံး ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လည်၁၁နာရီက သုခမေတ္တာလူမှုရေးအသင်း ရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် အာဟာရ စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) (ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကုလားပဲ၊ မြေပဲ) ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်(၁၈) ရက်နေ့နံနက် ၁၁ နာရီ အချိန်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉၀၀)ကျော်ရှိပြီး သေဆုံးသူ (၆၉) ဦးအထိရှိလာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း)တွင် ယမန်နေ့အထိ ပိုးတွေ့အတည်ပြုလူနာပေါင်း (၉၀၀)ကျော် တွေ့ရှိထားပြီး သေဆုံးသူ (၆၉) ဦးအထိ ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးရာတွင် အသုံးပြုရန် PPE ဝတ်စုံနှင့် RDT Test Kit များလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် (၁ဝ) နာရီခွဲအချိန်ခန့်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်လှမိုးမှ ထောက်ပံ့ပေးအပ်လာသော ကိုဗစ်-၁၉ ရောဂါသံသယလူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးရာတွင် အသုံးပြုရန် လိုအပ်သည့် PPE ဝတ်စုံ (၁ဝ) စုံ၊ RDT Test Kit (၅ဝ) ခု တို့အား မိုင်းပန်တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းအောင်မှ ပေးအပ်ခဲ့ရာ မိုင်းပန် ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်စိုးစိုးမြတ်မှလက်ခံရယူခဲ့ ကြောင်း သိရသည်။

မဘိမ်းမြို့မဈေးကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရးအတွက် ယာယီပိတ်ထားမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့မဈေးတွင် ကိုဗစ်-၁၉ ‌ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးအား ဩဂုတ် ၁၉ ရက်မှ ဩဂုတ် ၂၅ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရှိရသည်။

ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်လှူဒါန်း

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ကုသ ရေးလုပ်ငန်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၈နာရီခွဲ အချိန်က ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးညီနပ်က လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြား

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံများ သတ်မှတ်လျာထားဧကပြည့်မီရေး ကြိုးပမ်းစိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ စိုက်ပျိုးခြင်းအား သတ်မှတ်လျာထားဧက ပြည့်မီရေး အတွက် ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံက သိရသည်။

ဗန်းမော်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်မှု ဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင်  မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်၊ တာပိန်မြစ်ရေမြင့်တက်လာပြီး မိုးစပါးစိုက်ဧကများတွင် ဩဂုတ် ၁၈ ရက်နေ့မှ စတင်၍ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to