ပုသိမ်မြို့၌ (၆၉)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်းဆက်ကပ် မီးသတ်တပ်ဖွဲ့ဝင်များ ရေပြင် ရှာဖွေ ကယ်ဆယ်ရေး လေ့ကျင့် သရုပ်ပြမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်​ရောက် ကြည့်ရှု

(၆၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယ​​နေ့ နံနက် ၇:၃၀ အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော် သံဃာ တော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး အနုမောဒနာ တရားတော်များ နာယူကြည်ညိုကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ (၆၉)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆို သင်္ကန်းကပ်လှူပွဲတွင် ဝါဆိုသံဃာတော်များ၊ သီလရှင်များအတွက် လှူဒါန်းသည့် စုစုပေါင်း တန်ဖိုးမှာ (၂၄၅၄၂၀၀ဝိ/-)ကျပ်ဖြစ်သည်။

ဘုတ်ပြင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ထားမှုများအား လိုက်နာဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးနှင့်ရောဂါဖြစ်ပွားမှု လျော့ကျစေရေးအတွက် အသွားအလာကန့်သတ်ခြင်းများကို လိုက်နာဆောင်ရွက်နိုင်မှုအား ယနေ့နံနက်က ပူးပေါင်းအဖွဲ့များကအရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျေးရွာအရောက် အသိပညာပေး လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်း များကို ပြည်သူများ သိရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ကျေးရွာအရောက် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရ သည်။

ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီခန့်က အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပုလော မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ​ ရောဂါကာကွယ်​ရေးလိုက်လံ အသိပေး နှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း စေရေးအတွက် ပြည်သူများ လိုက်နာကြရန် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေး ကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက လူစည်ကားရာ​​​နေရာများ​​ဖြစ်သည့် စျေးများ၊ ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လှည့်လည် ကြေညာ ပေးလျက် ရှိကြောင်း သိရသည်။

ဖာပွန်မြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစားများအတွက် နှာခေါင်းစည်း Mask များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားများ နေအိမ်ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်သွားလာမှုရှိစေရေးအတွက် အောင်ဖာပွန် မြို့မလူငယ်အဖွဲ့မှ နှာခေါင်းစည်း Mask များကို ယနေ့နံနက် ၇ နာရီက စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကူးစက်ရောဂါ ကာကွယ် ကုသရေး ဆေးဝါး ဆေးပစ္စည်းများနှင့် အထောက်ကူပြု ပစ္စည်းများ ပြတ်လပ်မူမရှိစေရေး ကွင်းဆင်း စစ်ဆေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ် ကုသရေး ဆေးဝါး ဆေးပစ္စည်းများနှင့် အထောက်ကူပြုပစ္စည်းများ ပြတ်လပ်မူမရှိစေရေး မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား ယနေ့နံနက်ပိုင်းကကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်၌ အောက်ဆီဂျင်စက် စတင်လည်ပတ်၍ အောက်ဆီဂျင်လိုအပ်လျက်ရှိသောပြည်သူများသို့ ဖြန့်ဖြူးပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် နေမိဘပြည်သူများနှင့်ပရဟိတ အသင်းဖွဲ့များအား အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်လျက် ယမန်နေ့ နံနက် မှစတင်ပြီး တစ်ရက်လျှင်၄၀ လီတာအိုး ၁၂၀လုံးထိထုတ်လုပ်ပေးသည့် အောက်ဆီဂျင် စက်စတင်လည်ပတ်၍ အောက်ဆီဂျင်များ ဖြန့်ဝေပေးလျက်ရှိ‌ ကြောင်းသိရသည်။

သရက်ချောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အား အသိပေး လှုံ့ဆော်ကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များ အရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်ကစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ လမ်းဆုံနေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ပြည်သူများထံ ပန်ကြားချက်ပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိပေးလှုံ့ဆော် ကြေညာပေးခြင်းအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူမှုကူညီရေး အသင်းများအား ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညိှနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to