မြို့သစ် မေ ၁၁
မကွေးခရိုင် ၊မြို့သစ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးရန် အတွက် နေပြည်တော်-မြို့သစ်-ကံပြားလမ်းနှင့် ဆက်သွယ် ထားသော သားမျှား - လေးတိုင်စင်ကျေး ရွာလမ်း ပိုင်းအား ကျောက်ရော မြေသား လမ်းခင်းခြင်း ၈၀ % ပြီးစီးနေပြီဖြစ်သောကြောင့် လုပ်ငန်း ပြီးစီးမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ကျေးလက်လမ်း ဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းနှင့် မြို့သစ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်ဦးနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ၃ /၅မိုင်ခင်းခြင်း အပြီးသတ်ဆောင်ရွက် ပြီးစီး ပါက ကျေးရွာ (၅)ရွာ အိမ်ခြေ (၁၆၆၃)အိမ် လူဦးရေ (၇၆၀၇)ဦး၏ ကျေးရွာ များ မှ ထွက်ရှိသော ဒေသထွက်ကုန်များ ကိုအချိန်နှင့်တပြေးညီ တင်ပို့ ရောင်း ချနိုင်ခြင်း ၊ ကျန်းမာရေးအတွက် အချိန်မီဆက်သွယ်သွားလာနိုင် မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ကိုဇော်