တောင်ငူ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကုက္ကိုလ်ပင်စုကျေးရွာတွင် ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်ရန်အတွက် အခြေခံအပ်ချုပ်စက်သင်တန်းကို မေလ ပထမပတ်မှ စတင်ကာ မေလကုန်အထိ တစ်လတာ သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အဖြစ် ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်ရန် အခြေခံမှစ၍ ရက်ပေါင်း ၃၀ ကာလအတွင်း တတ်ကျွမ်းသည်အထိ ပြီးမြောက်အောင်နိုင်ရေးအတွက် သင်တန်းနည်းပြ ၃ ဦးဖြင့် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
သင်တန်းသို့ ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ သင်တန်းသား(၄၀)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလာအနေဖြင့် တစ်လတာ သင်ကြားပေးမည်ဖြစ်ရာ သင်ထောက်ကူပစ္စည်းများကို မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးထားကြောင်း သိရသည်။
တောင်ငူခရိုင် (ပြန်/ဆက်)