ဆီဆိုင်မြို့နယ် ဘန်းယဉ်တိုက်နယ်ဆေးရုံသို့အောက်ဆီဂျင်အိုးများ လာရောက်လှူဒါန်း

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်တိုက်နယ်ဆေးရုံသို့ ဩဂုတ် ၁၉ရက် ညနေ ၃နာရီခွဲခန့်က စေတနာရှင်အလှူရှင်များမှ လာရောက်လှူဒါန်းခဲ့သည်။

ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများ အလိုက် သတ်မှတ်ထားရှိသူ (၅၀၀၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)များ ထပ်မံထိုးနှံပေးပြီးဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူ ( ၅၀၀၀ )ဦးအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏   ကြီးကြပ်မှုဖြင့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm)ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

နောင်တရားမြို့ပေါ်၌ အခြေခံစားသောက်ကုန်များလိုအပ်နေသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ မိသားစုဝင်များအား စားသောက်ကုန်များထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ပေါ်၌ အခြေခံစားသောက်ကုန်များလိုအပ်နေသည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ မိသားစုဝင်များအခက်အခဲမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် စားသောက်ကုန်များ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သည်။

သသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ

ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲခြင်းနှင့် အခြားသောသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိ‌ပြီး ကယ်ဆယ်ရေး ပစ္စည်းများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိကြောင်းသိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ (၁၄) ဦး၊ သေဆုံးသူ ( ၃ ) ဦး နှင့်စောင့်ကြည်ကုသဆဲ ( ၅၇ ) ဦး ရှိကြောင်းသိရ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ဩဂုတ်လ၁၉ ရက်နေ့ ညပိုင်းကကိုဗစ်-၁၉ ရောဂါ သံသယလူနာ ( ၁၆ ) ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ လူနာ ( ၁၄ ) ဦး ထပ်မံတွေ့ရှိ ကြောင်းသိရသည်။ ပိုးတွေ့လူနာများမှာ သံဖြူဇရပ်မြို့ ( ၉ ) ဦး၊ ကျုံကဒတ်ရပ်ကွက် ( ၅ )ဦး တို့ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာ တိုက်ပွဲရှောင်စခန်းနှင့် ကုလားချောင်းကျေးရွာ တိုက်ပွဲရှောင်စခန်းများရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ  ကိုဗစ်-၁၉ ကူး စက်မြန်ရောဂါ ပြန့်နှံမှုမရှိစေရေး နှင့် ရောဂါကွင်းဆက် ပြတ်တောက်နိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့၌ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် မြို့မဈေးနှင့် ကောင်ကထောင်ရပ်ကွက်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့လည်ပိုင်းက ခရိုင်/မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြီးကြပ်ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မြင်းခြံကုန်းကျေးရွာ လူဦးရေ(၁၀၉၁)ဦးကို အကျိုးပြုမည့် မြေသားရေကန်တူးဖော် လုပ်ငန်းအားလုံးပြီးစီးပါက အချိန်/ရာသီမရွေးသောက်သုံးရေဖူလုံစွာရရှိနိုင်တော့မည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် မြင်းခြံကုန်းကျေးရွာ မြေသားရေကန်တူးဖော်ပြီးစီးမှုလုပ်ငန်းများကို၊ ဩဂုတ်(၂၀)ရက်နေ့ နံနက်(၉;၃၀) နာရီ က မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ငဖဲမြို့ ချင်းစုရပ်ကွက်တွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချင်းစုရပ်ကွက် အရှေ့ဘက်ရှိလယ်မြေများတွင် ရာသီအချိန်အခါမရွေးစိုက်ပျိုးကြသော စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေးနှင့် မြေအောက်ရေကို ထုတ်ယူသုံးစွဲနိုင်စေရေးတို့အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သည့်စက်ရေတွင်း(၄)တွင်းတူးဖော်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၆ ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ အတွင်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လင်းခေးခရိုင် ဟိုမိန်းမြို့ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လင်းခေးခရိုင်၊လင်းခေးမြို့နယ်ဦးစီးဌာနမှ ‘ပန်းခင်းစီမံချက်”ဖြင့် ဟိုမိန်းမြို့ ပြည်သူ(၃၂)ဦးအတွက် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးခြင်းကို ယမန်နေ ့မွန်းလွဲ၄နာရီက လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to